ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီက ဝန်ကြီးဌာနများနှင့် တွေ့ဆုံ ​ဆွေး​နွေး အကြံပြုချက်များ​ရယူခြင်း

၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်

၂၀၂၄ ခုနှစ်၊ မတ်လ ၃ ရက်​နေ့တွင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီက အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပညာ​ရေးဝန်ကြီးဌာန မှ ပြည်​ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီဥက္ကဌ၊ ဝန်ကြီးဌာန ၂ ခုမှ တာဝန်ရှိဆရာ၊ဆရာမများနှင့် ​တွေ့ဆုံပြီး IFNMC ၏ ​မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဥ်များနှင့် လက်ရှိကာလတွင် လုပ်​ဆောင်​နေသည်များကို တင်ပြ၍ အကြံပြုမှုများရယူခဲ့ကြပါသည်။

အစည်းအ​ဝေးတွင် ကျန်းမာ​ရေးဝန်ကြီးဌာနနှင့် ပညာ​ရေးဝန်ကြီးဌာနမှ ပြည်​ထောင်စုဝန်ကြီး ​ဒေါက်တာ​ဇော်​ဝေစိုး၊ ပညာ​ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ​ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီ ဥက္ကဌ ဒေါက်တာခင်မောင်လွင်၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်-သူနာပြုတက္ကသိုလ်မှ ​ကျောင်းအုပ်ကြီး Prof: Alice တို့က အဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ ​ဒုဥက္ကဌမှ နှုတ်ခွန်းဆက်စကား​ပြောကြားပြီး IFNMC ဖွဲ့စည်းပုံ၊ ​​မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဥ်များ၊ လက်ရှိကာလလုပ်​ဆောင်​နေမှုများ၊ ​​ရေးဆွဲထားသည့် Professional Code of Conduct for Nurses and Midwives နှင့် Standards for Program Accreditation (Under-Grade Program) များအား တင်ပြခဲ့ကြပါသည်။

တင်ပြမှုများပြီး​နောက် ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပညာ​ရေးဝန်ကြီးဌာနနှင့် FHPC မှ တာဝန်ရှိသူများက အကြံပြု​ဆွေး​နွေး၍ ဝန်ကြီးဌာနလုပ်ငန်းများမှ သူနာပြုနှင့်သားဖွား​ရေးရာကိစ္စများတွင် IFNMC ၏လုပ်ငန်းစဥ်နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအတွက် ပူး​ပေါင်းညှိနှိုင်း​ဆောင်ရွက်သွားရန်၊ IFNMC အ​နေဖြင့်လည်း ERO များနှင့်ဆက်လက်​တွေ့ဆုံရန် အကြံပြု​ဆွေး​နွေး​ပေးခဲ့ကြပါသည်။

ထို့​နောက် IFNMCမှ ​ဆရာမတစ်ဦးကကျေးဇူးတင်စကား​ပြောကြားပြီး FHPC ဥက္ကဌနှင့် ကျန်းမာ​ရေးနှင့်ပညာ​ရေးဝန်ကြီးဌာနမှ ပြည်​ထောင်စုဝန်ကြီး တို့က နိဂုံးချုပ်စကား​ပြောကြား​၍ အစည်းအ​ဝေးကို ရုတ်သိမ်းခဲ့ပါသည်။