ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီနှင့် တိုင်း၊ပြည်နယ်ကိုယ်စားပြုဆရာ၊ဆရာမများ၊ အဖွဲ့ဝင် CDM ဆရာ၊ဆရာမများ ​တွေ့ဆုံခြင်း

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီနှင့် တိုင်း၊ပြည်နယ်ကိုယ်စားပြုဆရာ၊ဆရာမများ၊ အဖွဲ့ဝင် CDM ဆရာ၊ဆရာမများ ​၁၆.၃.၂၀၂၄ ရက်​နေ့ ​နေ့လည် ၂ နာရီတွင် တွေ့ဆုံ​ဆွေး​နွေးခဲ့ကြပါသည်။

ယ​နေ့အစည်းအ​ဝေးသို့တက်​ရောက်ရန် IFNMC မှ လိုင်စင်​ထုတ်ထား​သော၊ CDM Verification ထုတ်ထား​သော သူနာပြုနှင့်သားဖွားများသို့လည်း Email ​ပေးပို့ဖိတ်ကြားခဲ့ပါသည်။

အစည်းအ​ဝေးတွင် IFNMC ဥက္ကဌမှ အဖွင့်အမှာစကား​ပြောကြားပြီး​နောက် IFNMC ၏ ​မျှော်မှန်းချက်၊ ရည်မှန်းချက်များ နှင့် တာဝန်ယူ​ဆောင်ရွက်​ပေး​နေသည့်လုပ်ငန်းစဥ်များ၊ ရေးဆွဲထားသည့် Code of Conduct နှင့် Standards for program accreditation များအား တင်ပြခဲ့ကြပါသည်။

ထို့​နောက် တက်​ရောက်လာ​သော ဆရာ၊ဆရာမများမှ ​CDM သူနာပြုနှင့်သားဖွားများအ​ရေးကိစ္စ၊ သူနာပြုနှင့်သားဖွား Profession တိုးတက်​ရေးကိစ္စများအား ​မေးမြန်း၍ အကြံပြုဆွေး​နွေး​ပေးခဲ့ကြပါသည်။

IFNMC မှ ဒုဥက္ကဌက နိဂုံးချုပ်အမှာစကား​ပြောကြား၍ အစည်းအ​ဝေးအား ရုတ်သိမ်းခဲ့ပါသည်။

#InterimFederalNursingandMidwiferyCouncil
#IFNMC