တော်လှန်ရေးကာလအတွင်း မြေပြင်တွင် သူနာပြုနှင့်သားဖွားအင်အားလိုအပ်ချက်အရ ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင် သူနာပြုတက္ကသိုလ်များ ဖွင့်လှစ်လာကြရာ ပညာရေးကော်မတီ၊ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီသို့ ဆက်သွယ်လာပါက သင်ရိုးညွှန်းတမ်းဆိုင်ရာအကြံဥာဏ်များဆွေးနွေးပေးခြင်း၊ မြေပြင်သူနာပြုတက္ကသိုလ်မှ ဆရာ၊ဆရာမများ ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းအား ပညာရေးကော်မတီအဖွဲ့ဝင်များကကြည့်ရှုစစ်ဆေး၍ ပြင်ဆင်ဖြည့်စွက်ပေးခြင်း၊ IFNMC မှ ပေးပို့သောမှတ်ချက်များကို ပြင်ဆင်ပြီး ပြန်လည်ပေးပို့လာသော သင်ရိုးညွှန်းတမ်းများကို ကြားကာလတွင်အသုံးပြုနိုင်ရန် အတည်ပြုပေးခြင်း၊ သင်ရိုးညွှန်းတမ်းအရည်အသွေးအကဲဖြတ်မှုဆိုင်ရာအတွက် ဖွင့်လှစ်ထားသောသူနာပြုတက္ကသိုလ်များက semester အလိုက် ဆန်းစစ်ချက်များအား IFNMC သို့ ပေးပို့ရန်ညှိနှိုင်းခြင်းကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုကြားကာလအတွင်း IFNMC သို့ ချိတ်ဆက်ပြီး သင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍ အထက်ပါလုပ်ငန်းစဥ်များကို ညှိနှိုင်းပြီး တော်လှန်ရေးကာလအတွင်းအသုံးပြုရန် “သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်” ထုတ်ပြန်ပေးထားသော ကျောင်းနှစ်ကျောင်းရှိပါသည်။
ကရင်နီပြည်နယ်၊ သူနာပြုတက္ကသိုလ်အား ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင်ထုတ်ပေးခဲ့ပြီး ယခု၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သူနာပြုတက္ကသိုလ်၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အား အတည်ပြုချက်ထုတ်ပြန်ပေးထားပါသည်။
သက်ဆိုင်ရာတိုင်း၊ပြည်နယ်တချို့မှလည်း မိမိတို့ဖက်ဒရယ်ဒေသအလိုက် သူနာပြုတက္ကသိုလ်ဖွင့်လှစ်နိုင်ရန်စီစဥ်ဆောင်ရွက်နေကြရာ IFNMC အနေဖြင့် သူနာပြုနှင့်သားဖွားပညာရေးအား နိုင်ငံတကာအဆင့်အတန်းနှင့်အညီရင်ပေါင်တန်းနိုင်ပြီး အရည်အသွေးပြည့်မီသော သူနာပြုနှင့်သားဖွားများမွေးထုတ်ပေးနိုင်ရေးကို ရှေးရှု၍ ဆောင်ရွက်ပေးလျက်ရှိပါသောကြောင့် တိုင်း/ပြည်နယ်များအနေဖြင့် မိမိတို့ဒေသဆောင်ရွက်မှုအတွက် IFNMC သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။
Email – fnmc@fhpcmyanmar.org
IFNMC office telegram account – https://t.me/fnmcmyanmar
#InterimFederalNursingandMidwiferyCouncil
#IFNMC
#SNSKSCU
#UONKNA