ကြားကာလ ဖက်ဒရယ် သူနာပြုနှင့် သားဖွားကောင်စီက လက်ရှိမှာ ဘာတွေလုပ်ဆောင်ပေးနေသလဲ

စစ်အာဏာရှင်ကို​တော်လှန်ရန်အတွက် အကြမ်းမဖက်အာဏာဖီဆန်​ရေးcustom sublimated hockey jerseys uberlube luxury lubricant best human hair wigs for black females inflatable kayak custom sublimated hockey jerseys 8 ft kayak jordan proto max 720 custom sublimated hockey jerseys jordan proto max 720 fsu football jersey jock strap custom nfl football jerseys jock strap custom nfl football jerseys penn state jerseyတွင် နည်းမျိုးစုံဖြင့်ပါဝင်​နေကြ​သော သူနာပြု၊သားဖွားများအတွက် သူနာပြုနှင့်သားဖွားလိုင်စင်များကို ထုတ်​​ပေး​နေရာ ၁၉.၁၀.၂၀၂၂ မှ ယ​နေ့ထိ သူနာပြုနှင့်သားဖွားလိုင်စင် ၃၁၈ ဦး၊ သားဖွားလိုင်စင် ၈၉ ဦး စုစု​ပေါင်း ၄၀၇ ဦးအား ထုတ်​ပေးပြီးဖြစ်ပါတယ်။

ထို့အပြင် နိုင်ငံတကာတွင်အလုပ်လုပ်​နေကြ​သော ဓမ္မတရားဘက်မှရဲရဲဝံ့ဝံ့ရပ်တည်​ပေးပြီး ​တော်လှန်​ရေးကိုအ​ထောက်အကူပြု​နေကြသည့် သူနာပြု၊သားဖွားများမှ လိုင်စင်များအပြင် နိုင်ငံခြား​ဆေးရုံများတွင် အလုပ်​လျှောက်ထားရာ၌ လိုအပ်​သော Good Standing Certificate ကို ​လျှောက်ထားလာရာ ၂ ဦးအားထုတ်​​ပေးပြီးဖြစ်ပါတယ်။

ပြည်တွင်းအလုပ်လုပ်ရာတွင်၊ ​ထောက်ပံ့​ကြေးများ​လျှောက်ထားရာတွင်၊ သင်တန်းများတက်​ရောက်ကြရာတွင် လိုအပ်​သော CDM verification letter များကိုလည်း ၂၅၀ ဦးအား ထုတ်​ပေးထားပြီ ဖြစ်ပါတယ်။
ထိုကဲ့သို့ထုတ်​ပေးရာတွင် ​တော်လှန်​ရေးတွင်ပါဝင်​နေ​သော ပြည်သူ့ဘက်​တော်သားမှန်ကန်ခြင်းရှိ/မရှိကိုလည်း အဆင့်ဆင့်စစ်​ဆေး၍ ​ဆောင်ရွက်လျက်ရှိပါ​​ကြောင်းနှင့် ​တော်လှန်​ရေးကာလအခက်အခဲများကြားမှ ​လိုင်စင်​လျှောက်ထားလာသည့် ​ပေးသွင်း​ငွေများအားလည်း စနစ်တကျသိမ်းဆည်းထားပြီး ​ထိန်းသိမ်းထား​ပါ​ကြောင်း အသိ​ပေး​ပြောကြားလိုပါတယ်။

သူနာပြုနှင့်သားဖွားလိုင်စင်၊ Good Standing Certificate၊ CDM Verification letter စသည်တို့ ​လျှောက်ထားလိုပါက အောက်တွင် ​ဖော်ပြထား​သော IFNMC Office telegram account သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

#InterimFederalNursingandMidwiferyCouncil
#IFNMC

မင်္ဂလာပါရှင်

သူနာပြုနှင့်သားဖွားလိုင်စင် လျှောက်ထားခြင်း၊ CDM verification letter လျှောက်ထားခြင်း၊ Good Standing Certificate လျှောက်ထားခြင်း နှင့်ပတ်သက်ပြီး လူကြီးမင်း သိလိုသော အ ကြောင်းအရာများကို IFNMC၏ Telegram account – https://t.me/fnmcmyanmar သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင့်။