တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ

၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက်​နေ့ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ၍ IFNMC နှင့်စပ်လျဥ်းပြီးမိတ်ဆက်​တင်ပြဆွေး​နွေးခြင်းအစည်းအ​ဝေးအား ပြုလုပ်ခဲ့ပါသည်။

အစည်းအ​ဝေးအား
အစီအစဥ် (၁) – CRTH မှ ကြိုဆိုစကား​ပြောကြား​ပေးခြင်းနှင့် တက်​ရောက်လာသူများနှင့် မိတ်ဆက်​ပေးခြင်း
အစီအစဥ် (၂) – IFNMC မှ တက်​ရောက်လာသူများနှင့်မိတ်ဆက်​ပေးခြင်း
အစီအစဥ် (၃) – IFNMC မှ အဖွဲ့အစည်းအ​ကြောင်းတင်ပြခြင်း
အစီအစဥ် (၄) – CRTH မှ တက်​ရောက်လာ​သောဆရာ၊ဆရာမများက ​မေးမြန်း​ဆွေး​နွေးခြင်းနှင့် IFNMC မှ ပြန်လည်​ဖြေကြား​ပေးခြင်း
အစီအစဥ် (၅) – IFNMC မှ ​ကျေးဇူးတင်စကား​ပြောကြားခြင်း စသည်တို့ဖြင့် ပြုလုပ်ခဲ့ပါသည်။

IFNMC မှ ​ကောင်စီ၏​နောက်ခံသမိုင်း​ကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား တင်ပြပြီး​နောက် CRTH မှ သူနာပြု၊သားဖွားများနှင့်သက်ဆိုင်​သော လိုင်စင်ကိစ္စများ၊ ပညာ​ရေးပိုင်းဆိုင်ရာကိစ္စရပ်များနှင့် သိလိုသည်များကို ​မေးမြန်း​ပြီး​နောက် IFNMC မှ ပြန်လည်ဆွေး​နွေး​ဖြေကြား​ပေးခဲ့ပါသည်။
ရင်းနှီးခင်မင်စွာ ​ဆွေး​နွေးပြီး​နောက် အစည်းအ​ဝေးအား နံနက် ၁၁ နာရီ ၅၀မိနစ်တွင် ရုတ်သိမ်းခဲ့ပါသည်။

#IFNMC
#CRTH