
၃၀-၈-၂၀၂၃ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council – Myanmar – FHPC)၊ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ (Interim Fcustom youth nfl jersey jordan air force 1 bouncing putty egg jordan max aura 4 johnny manziel jersey custom sublimated hockey jerseys deuce vaughn jersey oregon football jerseys best human hair wigs for black females fsu football jersey nike air jordan 1 elevate low alpinestars caschi air jordan 1 element jordan proto max 720 castelli gabba ederal Nursing and Midwifery Council – IFNMC) နှင့် ကြားကာလဖက်ဒရယ်တိရစ္ဆာန်ဆေးပညာကောင်စီ (Interim Federal Veterinary Council – Myanmar – IFVC) တို့ ကောင်စီ (၃) ခု ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသော အစည်းအဝေးကို အစီအစဥ် (၈) ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအား FHPC မှ ၇ ဦး၊ IFNMC မှ ၁၆ ဦး၊ IFVC မှ ၇ ဦး စုစုပေါင်း (၃၀) ဦး တက်ရောက်ကြပါသည်။
ပထမဦးစွာ FHPC ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်၊ IFNMC ဥက္ကဌ နှင့် IFVC ဥက္ကဌတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားပါသည်။
ထို့နောက် FHPC က ဦးစွာဆွေးနွေးရာ FHPC သည် Health professional အားလုံးအတွက် Regulation council ဖြစ်သောကြောင့် ဆရာဝန်များအတွက် Interim Federal Myanmar Medical Council ဖွဲ့စည်းရန် ကြိုးပမ်းနေကြောင်း ဆွေးနွေးပါသည်။
ဆက်လက်၍ IFNMC က CDM verification letter အား အဆင့်ဆင့် စိစစ်ပြီး ၁၅၉ ဦး ပေးပို့ပြီးပါကြောင်း၊ သူနာပြုနှင့် သားဖွားလိုင်စင် ၃၃၅ ဦးနှင့် Good Standing Certificate တစ်ဦးအား ထုတ်ထားပေးပြီးဖြစ်ကြောင်း တင်ပြပါသည်။
IFVC ကလည်း ဖွဲ့စည်းပုံများအကြောင်းတင်ပြပြီး ထုတ်ပေးရန်စီစဥ်ထားသည့် တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင် လက်မှတ်လိုင်စင်ကတ်ပုံစံ၊ မှတ်ပုံတင်ကြေးနှင့် Good Standing Certificate fees သတ်မှတ်ချက်များအား တင်ပြဆွေးနွေးပါသည်။
Nurse aide သင်တန်းများအား ကြီးကြပ်ရန် IFNMC က Rules and regulations များ ဆွေးနွေးရေးဆွဲ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးပြီး ဥပဒေကဲ့သို့တည်ရန် ဆောင်ရွက်သတ်မှတ်ရမည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။
နောက်ဆုံးအနေဖြင့် FHPC ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ညနေ ၃ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
#IFNMC
#FHPC
#IFVC