
ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီနှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတို့ ပုံမှန်အစည်းအဝေးကို ၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ၆ကြိမ်မြောက်အဖြစ်custom nfl football jerseys air max 270 women brock purdy jersey johnny manziel jersey custom maple leafs jersey college football jerseys nike air jordan 1 elevate low custom maple leafs jersey adidas yeezy boost 350 turtle dove custom sublimated hockey jerseys inflatable kayak custom youth hockey jerseys custom nfl football jerseys penn state jersey penn state jersey Zoom platform ဖြင့် ကျင်းပခဲ့ပါသည်။
FHPC နှင့် IFNMC အဖွဲ့ဝင် ၁၉ ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးသို့ ၉.၆.၂၀၂၃ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော Interim Federal Veterinary Council (IFVC) မှ ဥက္ကဌလည်း တက်ရောက်ဆွေးနွေးပါသည်။
အဖွင့်အမှာစကားကို FHPC ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင် နှင့် IFNMC ဥက္ကဌ တို့က ပြောကြားပေးပါသည်။
ပထမဦးစွာ FHPC မှ လုပ်ဆောင်နေမှုများ၊ ဘဏ္ဍာရေးအခြေအနေများ၊ အခြားနိုင်ငံများရှိ ဆေးကောင်စီများနှင့် ချိတ်ဆက်နိုင်မှုများကို မျှဝေပေးပါသည်။
ဆက်လက်၍ IFNMC မှ Academic and education committee ၏ Accreditation ရေးဆွဲနေမှုအခြေအနေများ၊ International relation and communication committee မှ အခြားနိုင်ငံများတွင် ရောက်ရှိပြီးတာဝန်ထမ်းဆောင်နေကြသော မြန်မာသူနာပြုကိုယ်စားလှယ်များနှင့်ဆက်သွယ်ထားမှု အခြေအနေများ၊ IFNMC အတွက် စစ်တမ်းကောက်ယူခြင်း အခြေအနေများကို တင်ပြဆွေးနွေးပါသည်။
ထို့နောက် အပြန်အလှန်ဆွေးနွေးအကြံပေးကြရာ
– Umbrella structure အရ FHPC သည် regulatory role မှ လုပ်ဆောင်၍ ပါဝင်စုစည်းလာသော ကောင်စီများကို coordination and collaboration အတွက် ညှိနှိုင်းဆောင်ရွက် အကြံဥာဏ်ပေးရမည် ဖြစ်ပါကြောင်း
– ထို့ကြောင့် ဆရာဝန်များအတွက် Medical Council တစ်ခု ဖွဲ့စည်းရန်လိုအပ်ပါကြောင်း
– နောက်အကြိမ်အစည်းအဝေးများတွင် FHPC, IFNMC နှင့် IFVC တို့ ပုံမှန်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးအကြံပြုပေးကြမည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။
#FederalHealthProfessionalCouncil
#InterimFederalNursingandMidwiferyCouncil
#IFNMC