မယ်​တော်​ဆေးခန်း နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီတို့ ​တွေ့ဆုံမိတ်ဆက်​ဆွေး​နွေးခြင်း

မယ်​တော်​ဆေးခန်း နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံမိတ်ဆက်​ဆွေး​နွေးခြင်းအစည်းအ​ဝေးကို ၁၃.၆.၂၀၂၄ ရက်​​နေ့ နံနက် ၁၀:၀၀နာရီတွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအ​ဝေးသို့တက်​ရောက်လာ​သော FHPC မှ ​ဒေါက်တာခင်​မောင်လွင်က ​တွေ့ဆုံသည့်အ​ပေါ်အမှတ်တရစကား​ပြောကြား​ပေးခြင်း၊ မယ်​​တော်​ဆေးခန်းမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်စကား​ပြောကြား​ပေးခြင်း အစီအစဥ်များဖြင့် စတင်ခဲ့ပါသည်။

ဆက်လက်၍ IFNMC မှ ​ကောင်စီ၏​နောက်ခံသမိုင်း​ကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား တင်ပြခြင်း၊ မယ်​တော်​ဆေးခန်းမှကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး​နေခြင်းကိစ္စရပ်များနှင့် သူနာပြုနှင့်သားဖွား​ကျောင်းဖွင့်လှစ်ခြင်းကိစ္စများအား တင်ပြကြပြီး​နောက် သိလိုသည်များအားအပြန်အလှန်​​​မေးမြန်းဆွေး​နွေး၍ ​IFNMC ပညာ​ရေး​ကော်မတီနှင့်ရှေ့ဆက်လုပ်​ဆောင်ရမည်များကို ညှိနှိုင်းခဲ့ကြပါသည်။

#MaetawClinic
#IFNMC