၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသားဖွားများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အခမ်းအနားအား Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင်
၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ အဖွင့်မိန့်ခွန်းပြောကြားခြင်း
၂) ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခြင်း
၃) ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ဥက္ကဌ ဒေါက်တာခင်မောင်လွင်က ဂုဏ်ပြုအမှာစကားပြောကြားခြင်း
၄) International Midwives Day နှင့် International Nurses Day တို့၏ ၂၀၂၄ ခုနှစ် theme များအား IFNMC ဥက္ကဌက တင်ပြခြင်း
၅) တော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသော သူနာပြုနှင့်သားဖွားများအား အောက်မေ့ဂုဏ်ပြုသောအားဖြင့် စက္ကန့် ၃၀ ငြိမ်သက်ခြင်း
၆) ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ၏ လုပ်ဆောင်နေမှုများအားတင်ပြခြင်း
၇) မြေပြင်တွင်တာဝန်ထမ်းဆောင်နေသော သားဖွားဆရာမတစ်ဦးမှ မြေပြင်လုပ်ဆောင်နေမှုများအား တင်ပြခြင်း
၈) မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ CDM ဝန်ထမ်း ဦးကျော်သက်လင်းမှ အမှတ်တရစကားပြောကြားခြင်း
၉) မြေပြင်တွင်တာဝန်ထမ်းဆောင်နေသော သူနာပြုများကိုယ်စား သူနာပြုဆရာတစ်ဦးက အတွေ့အကြုံများအားတင်ပြခြင်း
၁၀) သူနာပြုနှင့်သားဖွားပညာရေးကိစ္စများအား သင်ကြားရေးတာဝန်ခံဆရာမတစ်ဦးက တင်ပြခြင်း
၁၁) Clean Yangon မှ ဆရာမသဥ္ဇာအေးက အမှတ်တရစကားပြောကြားပေးခြင်း
၁၂) အပြန်အလှန်ဆွေးနွေးခြင်း
၁၃) IFNMC မှ International Midwives Day and International Nurses Day အမှတ်တရအတွက် IFNMC fund မှ အလှူငွေ ၅ သိန်းကျပ်အား လိုအပ်သည့်နေရာများသို့ လှူဒါန်းရန်ကြေညာ၍ ကျေးဇူးတင်စကားပြောကြားခြင်း
၁၄) တော်လှန်ရေးကာလအတွင်း အာဏာရှင်အမြစ်ဖြတ်ရန် ပါဝင်ဆောင်ရွက်နေကြသော သူနာပြုနှင့်သားဖွားများအတွက် ဆရာမတစ်ဦးမှဂုဏ်ပြုရေးစပ်ထားသည့်ကဗျာအား ရွတ်ဖတ်ခြင်း
၁၅) IFNMC ဥက္ကဌမှ အခမ်းအနားနိဂုံးချုပ်စကားပြောကြားခြင်း
စသည့်အစီအစဥ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတက်ရောက်ရန် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းအသီးသီးအား ဖိတ်ကြားသည့်အပြင် IFNMC မှ သူနာပြုနှင့်သားဖွားလိုင်စင်ထုတ်ထားသူများ၊ CDM Verification letter ထုတ်ထားသူများအားလည်း ဖိတ်ကြားခဲ့ပါသည်။
#InternationalMidwivesDay
#InternationalNursesDay
#InterimFederalNursingandMidwiferyCouncil
#IFNMC