ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ နှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်း​ကျောင်းများယာယီ​ကောင်စီ၊ ကြားကာလတက္ကသိုလ်​ကောင်စီ၊ သူနာပြုတက္ကသိုလ်-ရန်ကုန်၊ ကြားကာလတက္ကသိုလ်​ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တ​လေး၊ သူနာပြုတက္ကသိုလ်၊ ကရင်နီပြည်နယ် တို့ ​တွေ့ဆုံ​ဆွေး​နွေးခြင်း

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ နှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားသင်တန်း​ကျောင်းများယာယီ​ကောင်စီ၊ ကြားကာလတက္ကသိုလ်​ကောင်စီ၊ သူနာပြုတက္ကသိုလ်-ရန်ကုန်၊ ကြားကာလတက္ကသိုလ်​ကောင်စီ၊ သူနာပြုတက္ကသိုလ်-မန္တ​လေး၊ သူနာပြုတက္ကသိုလ်၊ ကရင်နီပြည်နယ် တို့ ​တွေ့ဆုံ​ဆွေး​နွေးခြင်းအစည်းအ​ဝေးကို ၂၃.၃.၂၀၂၄ ရက်​နေ့ ​နေ့လည် ၂:၀၀ နာရီတွင် Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအ​​ဝေးအား
၁) IFNMC ဥက္ကဌမှ အဖွင့်အမှာစကား​ပြောကြားခြင်း
၂) IFNMC ၏ ​မျှော်မှန်းချက်၊ ရည်မှန်းချက်များ နှင့် တာဝန်ယူ​ဆောင်ရွက်​ပေး​နေသည့်လုပ်ငန်းစဥ်များအား တင်ပြခြင်း
၃) ရေးဆွဲထားသည့် Code of Conduct နှင့် Standards for program accreditation အားတင်ပြခြင်း
၄) တက်​ရောက်လာသူများမှ ​ဆွေး​နွေးခြင်း
၅) ဥက္ကဌက နိဂုံးချုပ်အမှာစကား​ပြောကြားခြင်း
စသည့် အစီအစဥ် ၅ ခုဖြင့် ​ဆွေး​နွေးခဲ့ကြပါသည်။

အစည်းအ​ဝေးသို့ သူနာပြုတက္ကသိုလ်၊ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ​စစ်ရေးအ​ခြေအ​နေများ​ကြောင့် တက်​ရောက်နိုင်ခြင်းမရှိခဲ့ပါ။

#InterimFederalNursingandMidwiferyCouncil
#IFNMC
#ICMNMTS
#IUC-YUON
#UNMIUC
#UON-KNA