ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အစည်းအ​ဝေး ကျင်းပပြုလုပ်

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အစည်းအ​ဝေးအား ၁၀.၈.၂၀၂၄ ရက်​နေ့ နံနက် ၉ နာရီတွင် IFNMC တွင် အဖွဲ့ဝင်အဖြစ်ပါဝင်​နေကြ​သော ပြည်နယ်နှင့်တိုင်း RP များမှတစ်ဆင့် Subgroup တွင်ပါဝင်​သော သူနာပြု၊သားဖွားများနှင့် ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါသည်။

IFNMC မှ ၂ နှစ်အတွင်းလုပ်​ဆောင်နိုင်ခဲ့သည်များအား ရှင်းလင်းတင်ပြပြီး​နောက် အစည်းအ​ဝေးတက်​ရောက်လာ​သော အဖွဲ့ဝင်များမှ သူနာပြုနှင့်သားဖွားလိုင်စင်​လျှောက်ရာတွင်ကြုံတွေ့ရသည့်အခက်အခဲများ တင်ပြခြင်း၊ ရှေ့ဆက်ဆောင်ရွက်​ရေးသားရန် အကြံပြုလို​သော policy၊ standard ၊ Guidelines များအားအကြံပြု​ခြင်း၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ CDM သူနာပြု၊သားဖွားများနှင့် RP ချိတ်ဆက်​ဆောင်ရွက်နိုင်မှုအ​ခြေအ​​နေ နှင့် IFNMC မှ ထပ်တိုးဆောင်ရွက်ပေးစေချင်​သောလုပ်​ဆောင်ချက်များအား အပြန်အလှန်​ဆွေး​နွေးခဲ့ကြပါသည်။

#InterimFederalNursingandMidwiferyCouncil
#IFNMC
#2yearanniversary