Federal Health Professional Council (FHPC) နှင့် Interim Federal Veterinary Council (IFVC) တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်း (7 July 2023)

• အစည်းအဝေးကို (၇-၇-၂၀၂၃) ရက်နေ့ ၊ နေ့လည် (၃:၀၀) နာရီတွင် zoom platform ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် FHPC မှ ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ Interim Federal Veterinary Council မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စုစုပေါင်း (၁၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

• ပထမဦးစွာ အစည်းအဝေးတွင် FHPC ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်နှင့် အဖွဲ့ဝင် ဆရာကြီး/ ဆရာမကြီးများ၊ IFNMC ဥက္ကဌ ၊ IFVC ဥက္ကဌတို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြပါသည်။

• ထို့နောက် IFVC မှ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအာinflatable kayak bouncing putty egg sac à dos eastpak custom nfl football jerseys uberlube luxury lubricant yeezy shoes under 1000 smith and soul dallas cowboys slippers mens deuce vaughn jersey custom youth nfl jersey custom youth hockey jerseys borsa prima classe sac eastpak nike air max 90 futura custom kings jersey း ပြန်လည်ဆွေးနွေးတင်ပြခြင်းနှင့် ပါမောက္ခဒေါက်တာခင်မောင်လွင်မှ FHPC ၏ လုပ်ဆောင်ခဲ့မှုများ၊ Achievement များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။

• IFVC ဘက်မှ နိုင်ငံတကာနှင့်ပညာရပ်ဆိုင်ရာ ပူးပေါင်းနိုင်ရေး၊ ပညာရပ်ဆိုင်ရာ ထပ်တိုးလေ့လာမှု များအတွက် နိုင်ငံတကာနှင့်ချိတ်ဆက်နိုင်ရေး၊ တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင် လက်မှတ် များ အသစ်ထုတ်ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် လိုအပ်ချက်များအပေါ်မူတည်၍ FHPC ထံမှ အကူအညီများရယူသွားလို ပါကြောင်း နှင့်စပ်လျဉ်း၍ ညှိနှိုင်ူဆွေးနွေးခဲ့ကြပါသည်။

• ဆက်လက်ပြီး IFNMC ဥက္ကဌမှ Council တစ်ရပ်အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း သိရှိနိုင်စေရန် မျှဝေပြောကြားပေးခဲ့ပါသည်။ Interim Federal Dental Council ပေါ်ပေါက်နိုင်ရေးအတွက်ဆောင်ရွက်နေမှုများ၊ ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်မှ ဆွေးနွေးပြောကြားပေးခဲ့ပါသည်။

• ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများမှ IFVC ၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ အပေါ် ဆွေးနွေးအကြံပြုခဲ့ကြပြီး FHPC မှ ကူညီပေးနိုင်မည့်ကိစ္စများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် Council များအချင်းချင်း ဝိုင်းဝန်းကူညီ လက်တွဲ ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြပါသည်။

• တတိယအကြိမ်အစည်းအဝေးကို ဩဂုတ်လ (၄) ရက်နေ့တွင် ကျင်းပရန် လျာထားခဲ့ပြီး၊ အစည်းအဝေးကို ညနေ (၅:၀၀) နာရီတွင် အောင်မြင်စွာ ရပ်နားခဲ့ကြပါသည်။