ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီ (FHPC)၊ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ (IFNMC) နှင့် ကြားကာလဖက်ဒရယ်တိရစ္ဆာန်​ဆေးပညာ​ကောင်စီ (IFVC) တို့ ကောင်စီ (၃) ခု ပထမဆုံးအကြိမ်​ တွေ့ဆုံ​ဆွေး​နွေး​သော အစည်းအ​ဝေး ကျင်းပပြုလုပ် (30 August 2023)

၃၀-၈-၂၀၂၃ ရက်​နေ့၊ ​နေ့လယ် ၂ နာရီတွင် ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီ (Federal Health Professional Council – Myanmar – FHPC)၊ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ (Interim Fcustom youth nfl jersey jordan air force 1 bouncing putty egg jordan max aura 4 johnny manziel jersey custom sublimated hockey jerseys deuce vaughn jersey oregon football jerseys best human hair wigs for black females fsu football jersey nike air jordan 1 elevate low alpinestars caschi air jordan 1 element jordan proto max 720 castelli gabba ederal Nursing and Midwifery Council – IFNMC) နှင့် ကြားကာလဖက်ဒရယ်တိရစ္ဆာန်​ဆေးပညာ​ကောင်စီ (Interim Federal Veterinary Council – Myanmar – IFVC) တို့ ကောင်စီ (၃) ခု ပထမဆုံးအကြိမ်​ တွေ့ဆုံ​ဆွေး​နွေး​သော အစည်းအ​ဝေးကို အစီအစဥ် (၈) ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအ​ဝေးအား FHPC မှ ၇ ဦး၊ IFNMC မှ ၁၆ ဦး၊ IFVC မှ ၇ ဦး စုစု​ပေါင်း (၃၀) ဦး တက်​ရောက်ကြပါသည်။

ပထမဦးစွာ FHPC ဥက္ကဌ ​ပါ​​မောက္ခ ​ဒေါက်တာခင်​မောင်လွင်၊ IFNMC ဥက္ကဌ နှင့် IFVC ဥက္ကဌတို့က အဖွင့်အမှာစကား​များ အသီးသီးပြောကြား​ပါသည်။

ထို့​နောက် FHPC က ဦးစွာ​ဆွေး​နွေးရာ FHPC သည် Health professional အားလုံးအတွက် Regulation council ဖြစ်​သော​ကြောင့် ဆရာဝန်​များအတွက် Interim Federal Myanmar Medical Council ဖွဲ့စည်းရန် ကြိုးပမ်း​နေ​ကြောင်း ​ဆွေး​နွေးပါသည်။

ဆက်လက်၍ IFNMC က CDM verification letter အား အဆင့်ဆင့် စိစစ်ပြီး ၁၅၉ ဦး ​ပေးပို့ပြီးပါကြောင်း၊ သူနာပြုနှင့် သားဖွားလိုင်စင် ၃၃၅ ဦးနှင့် Good Standing Certificate တစ်ဦးအား ထုတ်ထား​ပေးပြီးဖြစ်​ကြောင်း တင်ပြပါသည်။

IFVC ကလည်း ဖွဲ့စည်းပုံများအကြောင်းတင်ပြပြီး ထုတ်​ပေးရန်စီစဥ်​ထားသည့် တိရစ္ဆာန်​ဆေးကုဆရာဝန်မှတ်ပုံတင် လက်မှတ်လိုင်စင်ကတ်ပုံစံ၊ မှတ်ပုံတင်​ကြေးနှင့် Good Standing Certificate fees သတ်မှတ်ချက်များအား တင်ပြ​ဆွေး​နွေးပါသည်။

Nurse aide သင်တန်းများအား ကြီးကြပ်ရန် IFNMC က Rules and regulations များ ​ဆွေး​နွေး​ရေးဆွဲ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးပြီး ဥပ​ဒေကဲ့သို့တည်ရန် ​ဆောင်ရွက်သတ်မှတ်​ရမည်ဖြစ်​ကြောင်း ​ဆွေး​နွေးကြပါသည်။

​​နောက်ဆုံးအ​နေဖြင့် FHPC ဥက္ကဌ ပါ​​မောက္ခ ​ဒေါက်တာခင်​မောင်လွင်က နိဂုံးချုပ်အမှာစကား​ပြောကြားပြီး​ အစည်းအဝေးကို ည​နေ ၃ နာရီ ၄၅ မိနစ်တွင် ​အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

#IFNMC
#FHPC
#IFVC