
၂၉.၉.၂၀၂၃ ရက်နေ့ နေ့လည် ၂ နာရီတွင် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ၊ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီနှင့် ကြားကာလဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီ တို့ ဒုတိယအကြိမ်တွေ့best human hair wigs for black females deuce vaughn jersey inflatable kayak alpinestars caschi smith and soul custom youth hockey jerseys kansas city chiefs crocs nike air jordan 1 elevate low yeezy boost 350 v2 hyperspace fsu football jersey college football jerseys nike air max 90 futura custom maple leafs jersey smith and soul nike air max 90 futuraဆုံဆွေးနွေးသောအစည်းအဝေးကို အစီအစဥ် ၈ ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးအား FHPC မှ ၉ ဦး၊ IFNMC မှ ၁၄ ဦး၊ IFVC မှ ၅ ဦး စုစုပေါင်း (၂၈) ဦး တက်ရောက်ကြပါသည်။
ပထမဦးစွာ FHPC ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်၊ IFNMC ဥက္ကဌ နှင့် IFVC ဥက္ကဌတို့က အဖွင့်အမှာစကားပြောကြားပေးပါသည်။
ထို့နောက် FHPC မှ ဦးစွာဆွေးနွေးရာတွင် FHPC အနေဖြင့် ပုံမှန်လုပ်ငန်းများကိုဆောင်ရွက်နေကြောင်း၊ နောင်တွင် ကျန်းမာရေးအထိမ်းအမှတ်နေ့များကို Council များမှ စုပေါင်းဖော်ဆောင်သွားနိုင်ရန် အကြံပြုလိုပါကြောင်း၊ FHPC မှ ဆမ ထုတ်ပေးထားပြီးသော ဆရာဝန်များအား အရံအင်အားအဖြစ် သတ်မှတ်ထားရှိ၍ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများကို အတူတကွပူးပေါင်းလုပ်ဆောင်သွားနိုင်ရေးနှင့် ဆရာဝန်များအတွက် Rules and Regulations ချမှတ်ဆောင်ရွက်ပေးနိုင်မည့် Interim Federal Medical Council တစ်ခုကို ထပ်မံဖွဲ့စည်းဆောင်ရွက်နိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ IFNMC မှ CDM verification letter အား အဆင့်ဆင့်စိစစ်ပြီး ၂၂၄ ဦး ပေးပို့ပြီးပါကြောင်း၊ သူနာပြုနှင့်သားဖွားလိုင်စင် ၃၆၀ ဦးနှင့် Good Standing Certificate တစ်ဦး အား ထုတ်ထားပေးပြီးဖြစ်ကြောင်း၊ Nurse Aids သင်တန်းများအတွက် IFNMC အဖွဲ့တွင်းဆွေးနွေးထားချက်များ၊ သဘောထားများကို တင်ပြပါသည်။
IFVC မှလည်း တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန်ကြေညာထားပြီး သတ်မှတ်ချက်များလည်းထုတ်ပြန်ထားကြောင်း နှင့် လာလျှောက်ထားသူ (၃) ဦး ရှိပြီဖြစ်ကြောင်း၊ ထုတ်ပေးမည့်ကတ်ပုံစံတို့ကို တင်ပြဆွေးနွေးပါသည်။
Nurse Aids သင်တန်းများနှင့်ပတ်သက်၍ IFNMC မှ rules and regulations များ ဆွေးနွေး ရေးဆွဲ၍ MOH မှာ တင်ပြပြီး ဥပဒေကဲ့သို့တည်ရန်၊ ကျန်းမာရေးဆိုင်ရာသင်တန်းရေးရာကိစ္စများအတွက် MOH မှ အဖွဲ့ဖွဲ့စည်း၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် အကြံပြုတင်ပြရန်၊ Job Description များကို တိကျစွာချမှတ်ရန်၊ ဝတ်စုံကို စနစ်တကျသတ်မှတ်ရန်၊ Nurse Aids ဆိုသည့် အသုံးအနှုန်းအား ပြန်လည်ဆွေးနွေးရန် တို့ကို ဆောင်ရွက်သတ်မှတ်ရမည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။
ပညာရပ်ဆိုင်ရာ အရည်အသွေး (Professional accreditation ) အတွက် ကောင်စီများမှ လုပ်ဆောင်ပေးရန်၊ လုပ်ဆောင်ရမည့် ကိစ္စရပ်များ အတွက်လည်း သေချာဆွေးနွေး ပြင်ဆင်ထားကြရန်များကို ဆွေးနွေးကြပါသည်။
နောက်ဆုံးအနေဖြင့် FHPC ဥက္ကဌ က နိဂုံးချုပ်အမှာစကားပြောကြားပြီး ညနေ ၃ နာရီ ၅၀ မိနစ်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
ကြားကာလဖက်ဒရယ် သူနာပြုနှင့်သားဖွားကောင်စီ