အပြည်ပြည်ဆိုင်ရာသားဖွားများ​နေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများ​နေ့အခမ်းအနားကျင်းပခြင်း

၂၀၂၄ ခုနှစ်၊ ​မေလ (၈) ရက်​နေ့တွင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသားဖွားများ​နေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများ​နေ့အခမ်းအနားအား Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်
၁) အမျိုးသားညီညွတ်​ရေးအစိုးရ၊ နိုင်ငံ​တော်ယာယီသမ္မတ ဒူဝါလရှီးလမှ အဖွင့်မိန့်ခွန်း​ပြောကြားခြင်း
၂) ကျန်းမာ​ရေးဝန်ကြီးဌာနနှင့်ပညာ​ရေးဝန်ကြီးဌာနမှ ပြည်​ထောင်စုဝန်ကြီး ပါ​မောက္ခ​ဒေါက်တာ​ဇော်​ဝေစိုးက အဖွင့်နှုတ်ခွန်းဆက်စကား​ပြောကြားခြင်း
၃) ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီ ဥက္ကဌ ​ဒေါက်တာခင်​မောင်လွင်က ဂုဏ်ပြုအမှာစကား​ပြောကြားခြင်း
၄) International Midwives Day နှင့် International Nurses Day တို့၏ ၂၀၂၄ ခုနှစ် theme များအား IFNMC ဥက္ကဌက တင်ပြခြင်း
၅) ​တော်လှန်​ရေးကာလအတွင်း အသက်​ပေးခဲ့ရ​သော သူနာပြုနှင့်သားဖွားများအား ​အောက်​မေ့ဂုဏ်ပြု​သောအားဖြင့် စက္ကန့် ၃၀ ငြိမ်သက်ခြင်း
၆) ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ၏ လုပ်​ဆောင်​နေမှုများအားတင်ပြခြင်း
၇) မြေပြင်တွင်တာဝန်ထမ်း​ဆောင်​နေ​သော သားဖွားဆရာမတစ်ဦးမှ ​မြေပြင်လုပ်​ဆောင်​နေမှုများအား တင်ပြခြင်း
၈) မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ CDM ဝန်ထမ်း ဦး​ကျော်သက်လင်းမှ အမှတ်တရစကား​ပြောကြားခြင်း
၉) မြေပြင်တွင်တာဝန်ထမ်း​ဆောင်​နေ​သော သူနာပြုများကိုယ်စား သူနာပြုဆရာတစ်ဦးက ​အ​တွေ့အကြုံများအားတင်ပြခြင်း
၁၀) သူနာပြုနှင့်သားဖွားပညာ​ရေးကိစ္စများအား သင်ကြား​ရေးတာဝန်ခံဆရာမတစ်ဦးက တင်ပြခြင်း
၁၁) Clean Yangon မှ ဆရာမသဥ္ဇာ​အေးက အမှတ်တရစကားပြောကြား​ပေးခြင်း
၁၂) အပြန်အလှန်​ဆွေး​နွေးခြင်း
၁၃) IFNMC မှ International Midwives Day and International Nurses Day အမှတ်တရအတွက် IFNMC fund မှ အလှူ​ငွေ ၅ သိန်းကျပ်အား လိုအပ်သည့်​နေရာများသို့ လှူဒါန်းရန်​ကြေညာ၍ ​ကျေးဇူးတင်စကား​ပြောကြားခြင်း
၁၄) တော်လှန်​ရေးကာလအတွင်း အာဏာရှင်အမြစ်ဖြတ်ရန် ပါဝင်ဆောင်​ရွက်နေ​ကြသော သူနာပြုနှင့်သားဖွားများအတွက် ဆရာမတစ်ဦးမှဂုဏ်ပြု​ရေးစပ်ထား​သည့်ကဗျာအား ရွတ်ဖတ်ခြင်း
၁၅) IFNMC ဥက္ကဌမှ အခမ်းအနားနိဂုံးချုပ်စကား​ပြောကြားခြင်း
စသည့်အစီအစဥ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတက်​ရောက်ရန် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းအသီးသီးအား ဖိတ်ကြားသည့်အပြင် IFNMC မှ သူနာပြုနှင့်သားဖွားလိုင်စင်ထုတ်ထားသူများ၊ CDM Verification letter ထုတ်ထားသူများအားလည်း ဖိတ်ကြားခဲ့ပါသည်။

#InternationalMidwivesDay
#InternationalNursesDay
#InterimFederalNursingandMidwiferyCouncil
#IFNMC