၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ နေ့လည် ၂ နာရီတွင် PSLF/TNLA ကျန်းမာရေးဌာန နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီတို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် PSLF/TNLA မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (2) ဗိုလ်မှူးကြီး တားပန်လက ကြိုဆိုနှုတ်ဆက်စကားပြောကြား၍ တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးပါသည်။
ထို့နောက် IFNMC မှ ကောင်စီ၏နောက်ခံသမိုင်းကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား တင်ပြပြီးနောက် တအန်းပြည် Ta’ang Land အတွင်းရှိ သူနာပြုနှင့်သားဖွားရေးရာကိစ္စများနှင့် သူနာပြုတက္ကသိုလ်ဖွင့်လှစ်နိုင်ရေးကိစ္စများအား အပြန်အလှန်ဆွေးနွေး၍ ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည်များကို ညှိနှိုင်းခဲ့ကြပါသည်။