
National Health Committee နှင့် တွေ့ဆုံဆွေးနွေးခြင်း
ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီသည် အမျိုးသားကျန်းမာရေးကော်မတီနှင့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီတွင် တွေ့ဆုံခဲ့ပါသည်
အဆိုပါတွေ့ဆုံပွဲတွင် IFNMC မှ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဥ်များ၊ လက်ရှိကာလလုပ်ဆောင်နေမှုများ၊ သူနာပြုနှင့်သားဖွားများလိုက်နာရမည့် ကျင့်ထုံးများအား တင်ပြခဲ့ပါသည်။
အမျိုးသားကျန်းမာရေးကော်မတီမှ တာဝန်ရှိဆရာကြီး၊ ဆရာမကြီးများက Universal Health Coverage ရရန်အကောင်အထည်ဖော်ရာတွင် သူနာပြုနှင့်သားဖွားများ၏ အခန်းကဏ္ဍသည်လွန်စွာအရေးကြီးသောကြောင့် Rural health proofing policy တွင် သူနာပြုနှင့်သားဖွားများ၏ အခန်းကဏ္ဍကို ထည့်သွင်းရေးဆွဲနိုင်ရေး ဆွေးနွေးကြစေလိုကြောင်း၊ တော်လှန်ရေးကာလနဲ့အညီ လုပ်ဆောင်ပြီး တိုင်းရင်းသားဒေသများရှိ ကျန်းမာရေးလုပ်သားများနှင့် ချိတ်ဆက်လုပ်ဆောင်သွားစေလိုကြောင်း၊ NHC နှင့်လည်း စဥ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
#NationalHealthCommittee
#InterimFederalNursingandMidwiferyCouncil
#IFNMC