ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီနှင့် တိုင်း၊ပြည်နယ်ကိုယ်စားပြုဆရာ၊ဆရာမများ၊ အဖွဲ့ဝင် CDM ဆရာ၊ဆရာမများ ၁၆.၃.၂၀၂၄ ရက်နေ့ နေ့လည် ၂ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ယနေ့အစည်းအဝေးသို့တက်ရောက်ရန် IFNMC မှ လိုင်စင်ထုတ်ထားသော၊ CDM Verification ထုတ်ထားသော သူနာပြုနှင့်သားဖွားများသို့လည်း Email ပေးပို့ဖိတ်ကြားခဲ့ပါသည်။
အစည်းအဝေးတွင် IFNMC ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီးနောက် IFNMC ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ နှင့် တာဝန်ယူဆောင်ရွက်ပေးနေသည့်လုပ်ငန်းစဥ်များ၊ ရေးဆွဲထားသည့် Code of Conduct နှင့် Standards for program accreditation များအား တင်ပြခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသော ဆရာ၊ဆရာမများမှ CDM သူနာပြုနှင့်သားဖွားများအရေးကိစ္စ၊ သူနာပြုနှင့်သားဖွား Profession တိုးတက်ရေးကိစ္စများအား မေးမြန်း၍ အကြံပြုဆွေးနွေးပေးခဲ့ကြပါသည်။
IFNMC မှ ဒုဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။