ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ​ မိတ်ဆက် ဆွေး​နွေးခြင်း

ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ​ မိတ်ဆက် ဆွေး​နွေးခြင်းအစည်းအ​ဝေးကို ၁၉.၃.၂၀၂၄ ရက်​နေ့ ည ၇:၀၀ နာရီတွင် Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအ​​ဝေးအား
၁။ JCC-Education နှင့် IFNMC မှ တက်​ရောက်လာသူများက မိတ်ဆက်ခြင်း
၂။ JCC-Education မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း
၃။ IFNMC ၏ တွေ့ဆုံရသည့်ရည်ရွယ်ချက်နှင့် အဖွဲ့အစည်းအကြောင်းကို တင်ပြခြင်း
၄။ JCC-Education အ​ကြောင်း တင်ပြခြင်း
၅။ အပြန်အလှန်ဆွေးနွေးခြင်း
၆။ ကျေးဇူးတင်စကားပြောကြားခြင်း
စသည့် အစီအစဥ် ၆ ခုဖြင့် ​ဆွေး​နွေးခဲ့ကြပါသည်။

တင်ပြ​ဆွေး​နွေးမှုများအပြီးတွင် IFNMC အ​နေဖြင့် ပညာ​ရေးဆိုင်ရာလုပ်ငန်းများတွင် ပူး​ပေါင်းလုပ်ဆောင်နိုင်သည်များကို ဖလှယ်ခဲ့ကြပါသည်။

#JCC-Education
#InterimFederalNursingandMidwiferyCouncil
#IFNMC