ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အစည်းအဝေးအား ၁၀.၈.၂၀၂၄ ရက်နေ့ နံနက် ၉ နာရီတွင် IFNMC တွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေကြသော ပြည်နယ်နှင့်တိုင်း RP များမှတစ်ဆင့် Subgroup တွင်ပါဝင်သော သူနာပြု၊သားဖွားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
IFNMC မှ ၂ နှစ်အတွင်းလုပ်ဆောင်နိုင်ခဲ့သည်များအား ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေးတက်ရောက်လာသော အဖွဲ့ဝင်များမှ သူနာပြုနှင့်သားဖွားလိုင်စင်လျှောက်ရာတွင်ကြုံတွေ့ရသည့်အခက်အခဲများ တင်ပြခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရေးသားရန် အကြံပြုလိုသော policy၊ standard ၊ Guidelines များအားအကြံပြုခြင်း၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ CDM သူနာပြု၊သားဖွားများနှင့် RP ချိတ်ဆက်ဆောင်ရွက်နိုင်မှုအခြေအနေ နှင့် IFNMC မှ ထပ်တိုးဆောင်ရွက်ပေးစေချင်သောလုပ်ဆောင်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
#InterimFederalNursingandMidwiferyCouncil
#IFNMC
#2yearanniversary