သတင်းထုတ်ပြန်ချက် (13.2.2022)

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၁၃ ) ရက်

၁။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ( Federal Health Professional Council – FHPC )၏ အလွတ်သဘောဆွေးနွေးပွဲ ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၁၃ ) ရက်တွင် ကျင်းပခဲ့သည်။

၂။ ဆွေးနွေးပွဲသို့ ဒေါက်တာခင်မောင်လွင် ၊ ဒေါက်တာခင်စောဝင်း ၊ ဒေါက်တာ ဆလိုင်းပါကျင် ၊ ‌ဒေါက်တာမြင့်ချိုနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

၃။ ဆွေးနွေးပွဲမှ ကြားကာလ တော်လှန်ရေးကာလအတွင်း ကျန်းမာရေးလုပ်သားအင်အားစုများ၏ ဆုံးရှုံးနေသော အခွင့်အရေး များကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ အနေဖြင့်အတတ်နိုင်ဆုံးနှင့် အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်

၄။ တိုင်းရင်းသား‌ဒေသများအတွင်းရောက်ရှိနေသော ကျန်းမာရေးလုပ်သားအင်အားစုများကို အကာအကွယ်ပေးနိုင်ရန် ၊ ထောက်ပံ့ကူညီနိုင်ရန် နှင့် သက်ဆိုင်ရာကျန်းမာရေး လုပ်သားအင်အားစုများ၏ အဖွဲ့အစည်းများနှင့်ဆက်သွယ်ပြီး လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးနိုင်ရန် များကို ဆွေးနွေးခဲ့ကြသည်။

ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ

Website: https://fhpcmyanmar.org/

Facebook: https://facebook.com/fhpcmyanmar

Email: info@fhpcmyanmar.org

#fhpc #statement