FHPC Meeting May – 22

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ သတင်းထုတ်ပြန်ချက် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ(Federal Health Professional Council) ၏ အစည်းအဝေးကို ၂၂ရက်နေ့၊ မေလ၊ ၂၀၂၂ခုနှစ်၊ တနင်္ဂနွေနေ့တွင် မနက်၉နာရီအချိန်၌ zoom meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးအား Dr ခင်မောင်လွင်၊ Dr ဆလိုင်းပါကျင်၊ Dr မြင့်ချို၊ သူနာပြုတက္ကသိုလ်များကိုယ်စားလှယ်တဦး နှင့် FHPC ရုံးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စစ်ကောင်စီလက်အောက်ခံ Myanmar Medical Council (MMC) ကိုဖျက်သိမ်းအရေးယူရန်အစီအမံများ၊ စံချိန်စံညွှန်းပြည့်ဝသော ဖက်ဒရယ်ဆမလက်မှတ်များစိစစ်ထုတ်ပေးရေး၊ တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးပညာရှင်များမွေးထုတ်ရေး၊ Nurse Aid သင်တန်းများကို အရည်အသွေးစိစစ်မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ