FHPC members များနှင့် UK GMC members များ
ပထမအကြိမ် online meeting ကို Microsoft Teams application အသုံးပြုကျင်းပ
FHPC members များနှင့် UK GMC members များ၏ ပထမအကြိမ် online meeting ကို ၂၂.၉.၂၀၂၂ မြန်မာအချိန် မွန်းလွဲ ၂:၃၀ မှ ၃:၃၀ နာရီထီ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို FHPC fsu football jersey nike air jordan 1 elevate low blundstone uomo durex intense vibrations ring best human hair wigs for black females deuce vaughn jersey custom sublimated hockey jerseys black friday wig sale yeezy boost 350 v2 hyperspace custom stitched nfl jersey oregon football jerseys blundstone uomo yeezy shoes under 1000 custom sublimated hockey jerseys penn state jersey မှ ဥက္ကဌ နှင့် အဖွဲ့ဝင်ဆရာဝန်ကြီးများ ၊ UK Diaspora group မှ မြန်မာဆရာဝန်များ ၊ ၊UK GMC မှ တာဝန်ရှိသူ ( ၄ ) ဦီး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ပထမဦးစွာ FHPC ဥက္ကဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင်မှ လက်ရှိမြန်မာနိုင်ငံအခြေအနေများ ၊ လိုအပ်ချက်အရ FHPC ဖွဲ့စည်းပေါ်ပေါက်လာပုံ နှင့်လုပ်ငန်းတာဝန်များကိုရှင်းပြပြီး ရှေ့
ဆက်ပြီး International Medical Regulatory Bodies များနှင့် ရင်းနှီးပွင့်လင်းစွာလက်တွဲလုပ်ဆောင်သွားမည့်အကြောင်းများကို power point slides များဖြင့်တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက် ၍ နှစ်ဖက်အဖွဲ့အစည်းမှ တက်ရောက်လာသော အဖွဲ့ဝင်များကရှေ့
ဆက်ရမည့်လုပ်ငန်းစဉ်များကို အသေးစိတ်ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသဘောတူချက်များတွင် PLAB ဖြေဆိုပြီး GMC registration
လျှောက်ထားမည့်သူများ ၊ နိုင်ငံတကာအသိအမှတ်ပြု Postgraduate degree ရရှိပြီးသူများ၊ Royal colleges များမှ MTI sponsorship ဖြင့် လျှောက်ထားမည့်သူများအတွက် ECFMG မှ Verification လိုအပ်ချက်ကိုပယ်ဖျက်ပေးမည်ဖြစ်ကြောင်း၊
GMC လျှောက်ထားလျှင်လိုအပ်မည့် Certificate of Good Standing အပါအဝင် လိုအပ်သောအထောက်အထားများရယူနိုင်ရန် FHPC မှတဆင့်လျှောက်ထားနိုင်ကြောင်း၊ ထိုအတွက်လည်း နောင်တွင် GMC နှင့် FHPC တို့ရင်းနှီးစွာပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
PLAB ဖြေဆိုမည့်သူများနှင့် GMC လျှောက်ထားလိုသူများအနေဖြင့် FHPC သို့
info@fhpcmyanmar.org email address ဖြင့်ဆက်သွယ်နိုင်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။