News

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အစည်းအ​ဝေး ကျင်းပပြုလုပ်

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အစည်းအ​ဝေးအား ၁၀.၈.၂၀၂၄ ရက်​နေ့ နံနက် ၉ နာရီတွင် IFNMC တွင် အဖွဲ့ဝင်အဖြစ်ပါဝင်​နေကြ​သော ပြည်နယ်နှင့်တိုင်း RP များမှတစ်ဆင့် Subgroup တွင်ပါဝင်​သော သူနာပြု၊သားဖွားများနှင့် ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါသည်။ IFNMC မှ ၂ နှစ်အတွင်းလုပ်​ဆောင်နိုင်ခဲ့သည်များအား ရှင်းလင်းတင်ပြပြီး​နောက် အစည်းအ​ဝေးတက်​ရောက်လာ​သော အဖွဲ့ဝင်များမှ သူနာပြုနှင့်သားဖွားလိုင်စင်​လျှောက်ရာတွင်ကြုံတွေ့ရသည့်အခက်အခဲများ တင်ပြခြင်း၊ ရှေ့ဆက်ဆောင်ရွက်​ရေးသားရန် အကြံပြုလို​သော policy၊ standard ၊ Guidelines များအားအကြံပြု​ခြင်း၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ CDM သူနာပြု၊သားဖွားများနှင့် RP ချိတ်ဆက်​ဆောင်ရွက်နိုင်မှုအ​ခြေအ​​နေ နှင့် IFNMC မှ ထပ်တိုးဆောင်ရွက်ပေးစေချင်​သောလုပ်​ဆောင်ချက်များအား အပြန်အလှန်​ဆွေး​နွေးခဲ့ကြပါသည်။ #InterimFederalNursingandMidwiferyCouncil#IFNMC#2yearanniversary

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အစည်းအ​ဝေး ကျင်းပပြုလုပ် Read More »

ကြားကာလ ဖက်ဒရယ် သူနာပြုနှင့်သားဖွား​​ကောင်စီ (IFNMC) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် မှတ်တမ်း (၈-၈-၂၀၂၄)

မင်္ဂလာပါရှင့် ယ​နေ့ ၈.၈.၂၀၂၄ ဟာ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​​ကောင်စီ ဖွဲ့စည်းတာ ၂ နှစ်ပြည့်တဲ့​နေ့​လေး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် သြဂုတ်လ ၈ ရက်​နေ့မှ ယ​နေ့ထိ IFNMC သက်တမ်း ၂ နှစ်တာကာလအတွင်း လုပ်​ဆောင်ခဲ့သည်များကို မှတ်တမ်းအဖြစ် ​လေးစားစွာတင်ပြအပ်ပါသည်။ အာဏာရှင်စနစ်အမြစ်ပြတ်သည်ထိ ပြည်သူများနှင့်အတူ ​တော်လှန်​ရေးတွင် တစ်​ထောင့်တစ်​နေရာမှ ပါဝင်သွားမည်ဖြစ်ပါ​ကြောင်း ​လေးနက်စွာကတိပြုပါသည်။ #InterimFederalNursingandMidwiferyCouncil #IFNMC #2yearAnniversary

ကြားကာလ ဖက်ဒရယ် သူနာပြုနှင့်သားဖွား​​ကောင်စီ (IFNMC) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် မှတ်တမ်း (၈-၈-၂၀၂၄) Read More »

သူနာပြုနှင့်သားဖွားများလိုက်နာရမည့်ကျင့်ထုံးများ (Code of Conduct)

PDF File (847 KB) Download Here ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီမှ ​ရေးသားပြုစုထားသည့် သူနာပြုနှင့်သားဖွားများလိုက်နာရမည့်ကျင့်ထုံးများ (Code of Conduct) အား ဖြန့်​ဝေအပ်ပါသည်။ အဆိုပါကျင့်ထုံးများအား International Council of Nurses မှ အ​ခြေပြုကိုးကားထားပြီး International Nursing and Midwifery Council များ (အထူးသဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး​နေသည့်နိုင်ငံများ) မှ Code of conduct များအား မှီငြမ်း၍ မြန်မာသူနာပြုနှင့်သားဖွားများနှင့် သင့်​လျော်မည့်အချက်များကို ထည့်သွင်း​ဆွေး​နွေးပြီး ​ရေးသားပြုစုခဲ့ပါသည်။​IFNMC အဖွဲ့ဝင်များမှ ရေးသားပြီး​နောက် ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပညာ​ရေးဝန်ကြီးဌာန၊ အမျိုးသားကျန်းမာ​ရေး​ကော်မတီ၊ ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီနှင့် သူနာပြုနှင့်သားဖွားအဖွဲ့အစည်း၊ သူနာပြုနှင့်သားဖွား​ကျောင်း​ကောင်စီများ၊ IFNMC အဖွဲ့ဝင်များမှ တိုင်း၊ပြည်နယ်အလိုက်ဖွဲ့စည်းထားသည့် Subgroup များမှ CDM

သူနာပြုနှင့်သားဖွားများလိုက်နာရမည့်ကျင့်ထုံးများ (Code of Conduct) Read More »

IFNMC ၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ နှင့် တာဝန်ယူ​ဆောင်ရွက်​ပေး​နေသည့်လုပ်ငန်းစဥ်များ

PDF File (Size 2 MB) Download Here Interim Federal Nursing and Midwifery Council (IFNMC) ကြားကာလဖက်ဒရယ် သူနာပြုနှင့်သားဖွား​ကောင်စီသည် ​တော်လှန်​ရေးတွင်ပါဝင်​နေကြ​သော သူနာပြုနှင့်သားဖွားများဘက်မှ ရပ်တည်၍ ​ဆောင်ရွက်ကူညီ​ပေးနိုင်ရန် Professional body အဖြစ်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။​IFNMC တွင် တိုင်း၊ပြည်နယ် ၁၅ခုမှ အဖွဲ့ဝင်များပါဝင်​နေပြီး ​တော်လှန်​ရေး၏ဦးတည်ချက်တစ်ရပ်ဖြစ်သည့် ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ကို​ဖော်​​ဆောင်နိုင်ရန် ကြိုးစား​ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ​တော်လှန်​ရေးကာလအတွင်း IFNMC ၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ နှင့် တာဝန်ယူ​ဆောင်ရွက်​ပေး​နေသည့်လုပ်ငန်းစဥ်များအား ဓမ္မဘက်​တော်သားသူနာပြုနှင့်သားဖွားများ ​လေ့လာသိရှိနိုင်ပါရန် ဖြန့်​ဝေလိုက်ရပါသည်။

IFNMC ၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ နှင့် တာဝန်ယူ​ဆောင်ရွက်​ပေး​နေသည့်လုပ်ငန်းစဥ်များ Read More »

PSLF/TNLA ကျန်းမာ​​ရေးဌာန နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ

၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်​နေ့ ​နေ့လည် ၂ နာရီတွင် PSLF/TNLA ကျန်းမာ​​ရေးဌာန နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ၍ ​ဆွေး​နွေးခဲ့ပါသည်။ အစည်းအ​ဝေးတွင် PSLF/TNLA မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (2) ဗိုလ်မှူးကြီး တားပန်လက ကြိုဆိုနှုတ်ဆက်စကား​ပြောကြား၍ တက်​ရောက်လာသူများနှင့် မိတ်ဆက်​ပေးပါသည်။ ထို့​နောက် IFNMC မှ ​ကောင်စီ၏​နောက်ခံသမိုင်း​ကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား တင်ပြပြီး​နောက် တအန်းပြည် Ta’ang Land အတွင်းရှိ သူနာပြုနှင့်သားဖွား​ရေးရာကိစ္စများနှင့် သူနာပြုတက္ကသိုလ်ဖွင့်လှစ်နိုင်​ရေးကိစ္စများအား အပြန်အလှန်​​ဆွေး​နွေး၍ ​ရှေ့ဆက်လုပ်​ဆောင်ရန်ရှိသည်များကို ညှိနှိုင်းခဲ့ကြပါသည်။ #PSLF/TNLA#IFNMC

PSLF/TNLA ကျန်းမာ​​ရေးဌာန နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ Read More »

မယ်​တော်​ဆေးခန်း နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီတို့ ​တွေ့ဆုံမိတ်ဆက်​ဆွေး​နွေးခြင်း

မယ်​တော်​ဆေးခန်း နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံမိတ်ဆက်​ဆွေး​နွေးခြင်းအစည်းအ​ဝေးကို ၁၃.၆.၂၀၂၄ ရက်​​နေ့ နံနက် ၁၀:၀၀နာရီတွင် ပြုလုပ်ခဲ့ပါသည်။ အစည်းအ​ဝေးသို့တက်​ရောက်လာ​သော FHPC မှ ​ဒေါက်တာခင်​မောင်လွင်က ​တွေ့ဆုံသည့်အ​ပေါ်အမှတ်တရစကား​ပြောကြား​ပေးခြင်း၊ မယ်​​တော်​ဆေးခန်းမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်စကား​ပြောကြား​ပေးခြင်း အစီအစဥ်များဖြင့် စတင်ခဲ့ပါသည်။ ဆက်လက်၍ IFNMC မှ ​ကောင်စီ၏​နောက်ခံသမိုင်း​ကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား တင်ပြခြင်း၊ မယ်​တော်​ဆေးခန်းမှကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေး​နေခြင်းကိစ္စရပ်များနှင့် သူနာပြုနှင့်သားဖွား​ကျောင်းဖွင့်လှစ်ခြင်းကိစ္စများအား တင်ပြကြပြီး​နောက် သိလိုသည်များအားအပြန်အလှန်​​​မေးမြန်းဆွေး​နွေး၍ ​IFNMC ပညာ​ရေး​ကော်မတီနှင့်ရှေ့ဆက်လုပ်​ဆောင်ရမည်များကို ညှိနှိုင်းခဲ့ကြပါသည်။ #MaetawClinic#IFNMC

မယ်​တော်​ဆေးခန်း နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီတို့ ​တွေ့ဆုံမိတ်ဆက်​ဆွေး​နွေးခြင်း Read More »

တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ

၂၀၂၄ ခုနှစ် ဇွန်လ ၁၀ ရက်​နေ့ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ၍ IFNMC နှင့်စပ်လျဥ်းပြီးမိတ်ဆက်​တင်ပြဆွေး​နွေးခြင်းအစည်းအ​ဝေးအား ပြုလုပ်ခဲ့ပါသည်။ အစည်းအ​ဝေးအားအစီအစဥ် (၁) – CRTH မှ ကြိုဆိုစကား​ပြောကြား​ပေးခြင်းနှင့် တက်​ရောက်လာသူများနှင့် မိတ်ဆက်​ပေးခြင်းအစီအစဥ် (၂) – IFNMC မှ တက်​ရောက်လာသူများနှင့်မိတ်ဆက်​ပေးခြင်းအစီအစဥ် (၃) – IFNMC မှ အဖွဲ့အစည်းအ​ကြောင်းတင်ပြခြင်းအစီအစဥ် (၄) – CRTH မှ တက်​ရောက်လာ​သောဆရာ၊ဆရာမများက ​မေးမြန်း​ဆွေး​နွေးခြင်းနှင့် IFNMC မှ ပြန်လည်​ဖြေကြား​ပေးခြင်းအစီအစဥ် (၅) – IFNMC မှ ​ကျေးဇူးတင်စကား​ပြောကြားခြင်း စသည်တို့ဖြင့် ပြုလုပ်ခဲ့ပါသည်။ IFNMC မှ ​ကောင်စီ၏​နောက်ခံသမိုင်း​ကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား

တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ Read More »

ပါမောက္ခ ဒေါက်တာခင်မောင်လွင် ပြောကြားသော ဂုဏ်ပြုအမှာစကား – International Day of the Midwife & International Nurses Day 2024

ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီက ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသားဖွားများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အခမ်းအနားတွင် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်လွင် ပြောကြားသော ဂုဏ်ပြုအမှာစကား

ပါမောက္ခ ဒေါက်တာခင်မောင်လွင် ပြောကြားသော ဂုဏ်ပြုအမှာစကား – International Day of the Midwife & International Nurses Day 2024 Read More Âť

အပြည်ပြည်ဆိုင်ရာသားဖွားများ​နေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများ​နေ့အခမ်းအနားကျင်းပခြင်း

၂၀၂၄ ခုနှစ်၊ ​မေလ (၈) ရက်​နေ့တွင် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီက ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာသားဖွားများ​နေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများ​နေ့အခမ်းအနားအား Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်၁) အမျိုးသားညီညွတ်​ရေးအစိုးရ၊ နိုင်ငံ​တော်ယာယီသမ္မတ ဒူဝါလရှီးလမှ အဖွင့်မိန့်ခွန်း​ပြောကြားခြင်း၂) ကျန်းမာ​ရေးဝန်ကြီးဌာနနှင့်ပညာ​ရေးဝန်ကြီးဌာနမှ ပြည်​ထောင်စုဝန်ကြီး ပါ​မောက္ခ​ဒေါက်တာ​ဇော်​ဝေစိုးက အဖွင့်နှုတ်ခွန်းဆက်စကား​ပြောကြားခြင်း၃) ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီ ဥက္ကဌ ​ဒေါက်တာခင်​မောင်လွင်က ဂုဏ်ပြုအမှာစကား​ပြောကြားခြင်း၄) International Midwives Day နှင့် International Nurses Day တို့၏ ၂၀၂၄ ခုနှစ် theme များအား IFNMC ဥက္ကဌက တင်ပြခြင်း၅) ​တော်လှန်​ရေးကာလအတွင်း အသက်​ပေးခဲ့ရ​သော သူနာပြုနှင့်သားဖွားများအား ​အောက်​မေ့ဂုဏ်ပြု​သောအားဖြင့် စက္ကန့် ၃၀ ငြိမ်သက်ခြင်း၆) ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ၏ လုပ်​ဆောင်​နေမှုများအားတင်ပြခြင်း၇) မြေပြင်တွင်တာဝန်ထမ်း​ဆောင်​နေ​သော သားဖွားဆရာမတစ်ဦးမှ ​မြေပြင်လုပ်​ဆောင်​နေမှုများအား တင်ပြခြင်း၈) မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ

အပြည်ပြည်ဆိုင်ရာသားဖွားများ​နေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများ​နေ့အခမ်းအနားကျင်းပခြင်း Read More »

ကြားကာလအတွင်း IFNMC သို့ ချိတ်ဆက်ပြီးသင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍ ​တော်လှန်​ရေးကာလအတွင်းအသုံးပြုရန် “သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်” ထုတ်ပြန်ပေးခြင်း

တော်လှန်​ရေးကာလအတွင်း ​မြေပြင်တွင် သူနာပြုနှင့်သားဖွားအင်အားလိုအပ်ချက်အရ ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင် သူနာပြုတက္ကသိုလ်များ ဖွင့်လှစ်လာကြရာ ပညာ​ရေး​ကော်မတီ၊ ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီသို့ ဆက်သွယ်လာပါက သင်ရိုးညွှန်းတမ်းဆိုင်ရာအကြံဥာဏ်များ​​ဆွေး​နွေး​ပေးခြင်း၊ ​မြေပြင်သူနာပြုတက္ကသိုလ်မှ ဆရာ၊ဆရာမများ​ ​ရေးဆွဲထား​သော သင်ရိုးညွှန်းတမ်းအား ပညာ​ရေး​ကော်မတီအဖွဲ့ဝင်များကကြည့်ရှုစစ်​ဆေး၍ ပြင်ဆင်ဖြည့်စွက်​ပေးခြင်း၊ IFNMC မှ ​ပေးပို့​သောမှတ်ချက်များကို ပြင်ဆင်ပြီး ပြန်လည်​ပေးပို့လာ​သော သင်ရိုးညွှန်းတမ်းများကို ကြားကာလတွင်အသုံးပြုနိုင်ရန် အတည်ပြု​ပေးခြင်း၊ သင်ရိုးညွှန်းတမ်းအရည်အ​သွေးအကဲဖြတ်မှုဆိုင်ရာအတွက် ​ဖွင့်လှစ်ထား​သောသူနာပြုတက္ကသိုလ်များက semester အလိုက် ဆန်းစစ်ချက်များအား IFNMC သို့ ​ပေးပို့ရန်ညှိနှိုင်းခြင်းကိစ္စများကို ​ဆောင်ရွက်​ပေးလျက်ရှိပါသည်။ ယခုကြားကာလအတွင်း IFNMC သို့ ချိတ်ဆက်ပြီး သင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍ အထက်ပါလုပ်ငန်းစဥ်များကို ညှိနှိုင်းပြီး ​တော်လှန်​ရေးကာလအတွင်းအသုံးပြုရန် “သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်” ထုတ်ပြန်​ပေးထား​သော ​ကျောင်းနှစ်​ကျောင်းရှိပါသည်။ကရင်နီပြည်နယ်၊ သူနာပြုတက္ကသိုလ်အား ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်​နေ့တွင်ထုတ်​ပေးခဲ့ပြီး ယခု၂၀၂၄ ခုနှစ် ​မတ်လ ၂၉

ကြားကာလအတွင်း IFNMC သို့ ချိတ်ဆက်ပြီးသင်ရိုးညွှန်းတမ်းဆိုင်ရာ အကြံဥာဏ်ရယူ၍ ​တော်လှန်​ရေးကာလအတွင်းအသုံးပြုရန် “သင်ရိုးညွှန်းတမ်းအသုံးပြုခွင့်အတည်ပြုချက်” ထုတ်ပြန်ပေးခြင်း Read More Âť