သူနာပြုနှင့်သားဖွားများလိုက်နာရမည့်ကျင့်ထုံးများ (Code of Conduct)

PDF File (847 KB) Download Here

ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွား​ကောင်စီမှ ​ရေးသားပြုစုထားသည့် သူနာပြုနှင့်သားဖွားများလိုက်နာရမည့်ကျင့်ထုံးများ (Code of Conduct) အား ဖြန့်​ဝေအပ်ပါသည်။

အဆိုပါကျင့်ထုံးများအား International Council of Nurses မှ အ​ခြေပြုကိုးကားထားပြီး International Nursing and Midwifery Council များ (အထူးသဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံး​နေသည့်နိုင်ငံများ) မှ Code of conduct များအား မှီငြမ်း၍ မြန်မာသူနာပြုနှင့်သားဖွားများနှင့် သင့်​လျော်မည့်အချက်များကို ထည့်သွင်း​ဆွေး​နွေးပြီး ​ရေးသားပြုစုခဲ့ပါသည်။
​IFNMC အဖွဲ့ဝင်များမှ ရေးသားပြီး​နောက် ကျန်းမာ​ရေးဝန်ကြီးဌာန၊ ပညာ​ရေးဝန်ကြီးဌာန၊ အမျိုးသားကျန်းမာ​ရေး​ကော်မတီ၊ ဖက်ဒရယ်ကျန်းမာ​ရေးပညာရှင်များ​ကောင်စီနှင့် သူနာပြုနှင့်သားဖွားအဖွဲ့အစည်း၊ သူနာပြုနှင့်သားဖွား​ကျောင်း​ကောင်စီများ၊ IFNMC အဖွဲ့ဝင်များမှ တိုင်း၊ပြည်နယ်အလိုက်ဖွဲ့စည်းထားသည့် Subgroup များမှ CDM ဆရာ၊ဆရာမများ၊ IFNMC မှ လိုင်စင်နှင့် CDM verification letter ထုတ်ယူထားသူများအား ဖိတ်ကြား၍ ​Code of Conduct ကို မိတ်ဆက်တင်ပြပြီး ​ဆွေး​နွေးအကြံပြုချက်များအား ဖြည့်စွက်​ရေးသားထားပါသည်။