
Federal Health Professional Council နှင့် Interim Federal Ncustom dallas stars jersey best human hair wigs for black females custom kings jersey borsa prima classe jordan proto max 720 keyvone lee jersey air jordan 1 low flyease blundstone uomo inflatable kayak 8 ft kayak best human hair wigs for black females blundstone uomo oregon football jerseys custom kings jersey borsa prima classe ursing and Midwifery Council တို့ ပဥ္စမအကြိမ်မြောက်တွေ့ဆုံဆွေးနွေးခြင်း
အစည်းအဝေးကို ၁၂.၆.၂၀၂၃ ရက်နေ့ နေ့လယ် ၂ နာရီတွင် Zoom platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ FHPC ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင် နှင့် IFNMC ဒု ဥက္ကဌ တို့က အဖွင့်အမှာစကားပြောကြားပေးပါသည်။
ဆက်လက်၍ FHPC ၏လုပ်ဆောင်နေမှုများဖြစ်သည့် Good Standing Certificate များနှင့်စပ်လျဥ်းသည့် အချက်အလက်များကို ပါမောက္ခဒေါက်တာခင်မောင်လွင်က မျှဝေဆွေးနွေးပါသည်။ FHPC မှ Good Standing Certificate ဖြင့် လျှောက်ထားကြသည့်နိုင်ငံများအနက် Malaysia, Brunei, Maldives, UK, US, Canada နှင့် UAE နိုင်ငံများသည် လက်ခံဆောင်ရွက်ပေးသောနိုင်ငံများဖြစ်သည်ကိုတွေ့ရကြောင်း၊ အခြားနိုင်ငံများရှိ Medical council များနှင့် တွေ့ဆုံ မိတ်ဆက် ဆွေးနွေးမှုများကိုလည်း ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မျှဝေပေးပါသည်။ ယခုအခါ Interim Federal Veterinary Council ကိုလည်း စတင်ဖွဲ့စည်းတော့မည်ဖြစ်၍ ကြိုဆိုပါကြောင်း၊ IFVC မှ ဥက္ကဌအားလည်း FHPC တွင် အဖွဲ့ဝင်အဖြစ်ထည့်ထားပါကြောင်း၊ အစည်းအဝေးပြုလုပ်၍ အကြံပြုဆွေးနွေးပေးရန်ရှိပါကြောင်း မျှဝေတင်ပြပေးပါသည်။
ထို့နောက် IFNMC ၏လုပ်ငန်းစဥ်များကို တွဲဖက်အတွင်းရေးမှူးက တင်ပြရာ သူနာပြုနှင့်သားဖွားလိုင်စင်စုစုပေါင်း ၃၁၅ ဦးကို ထုတ်ပေးပြီးပါကြောင်း၊ Code of conduct ၊ Accreditation standards များရေးဆွဲနေသည့်အကြောင်းအရာများ နှင့် လိုင်စင်စာမေးပွဲအတွက် ပြင်ဆင်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်ရှိပါကြောင်း တင်ပြဆွေးနွေးပါသည်။
ထို့နောက် အပြန်အလှန်ဆွေးနွေး အကြံပေးမှုများပြုလုပ်ကြပြီးနောက် ဆရာကြီး ဒေါက်တာခင်မောင်လွင်က ယခုအချိန်သည် တော်လှန်ရေးအောင်မြင်ရန်အရေးကြီးဆုံးဖြစ်ပြီး အဖွဲ့ဝင်များအားလုံး မိမိတို့၏လုံခြုံရေးကို အထူးဂရုပြု၍ ကြိုးစားလုပ်ဆောင်ကြရန် မှာကြား၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။
#FederalHealthProfessionalCouncil
#FHPC
#InterimFederalNursingandMidwiferyCouncil
#IFNMC