Federal Health Professional Council (FHPC) နှင့် Interim Federal Nursing and Midwifery Council (IFNMC) တို့ တတိယအကြိမ်​တွေ့ဆုံ​ဆွေး​နွေးခြင်း

အစည်းအ​ဝေးကို (၂-၁၁-၂၀၂၂) ရက်​နေ့ ၊ ည​နေ (၅:၀၀) နာရီတွင် zoom platform ဖြင့် ပြုလုပ်ခဲ့ပါသည်။ အစည်းအ​ဝေးတွင် IFNMC မှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သည့် သူနာပြုနှင့်သားဖွားလိုင်စင် အသစ်ထုတ်​ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးပေးခြင်း၊ Communication and International Relations ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းတို့နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး၊ Education and Academic Committee ဖွဲ့စည်း၍ Myanmar Nursing Curriculum အတွက်လည်း ကြိုးစားအကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြ​ဆွေး​နွေးခဲ့ကြပါသည်။ IFNMC မှ သူနာပြုနှင့်သားဖွားလိုင်စင်နှင့် Good Standing Certificate များ လျှောက်ထားရာတွင် လိုအပ်မည့်အသေးစိတ်အချက်အလက်များကို ဆက်လက်ရှင်းလင်းတင်ပြခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းများတွင်လည်း အားဖြည့်ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြခဲ့ပါသည်။

ထိုတင်ပြချက်များအပေါ် FHPCမှ ဥက္ကဌ ပါမောက္ခဒေsit top kayak custom youth nfl jersey black friday wig sale sac eastpak fsu football jersey durex intense vibrations ring sit top kayak decathlon bmx custom maple leafs jersey custom youth hockey jerseys jordan max aura 4 air max 270 women jordan max aura 4 inflatable kayak custom nfl football jerseys ါက်တာခင်မောင်လွင်နှင့်တကွ တက်ရောက်လာသော ဆရာကြီး၊ ဆရာမကြီးများ၊ အစည်းအ​ဝေးတက်​ရောက်လာသူ ဆရာ၊ဆရာမများမှ ဝိုင်းဝန်းအကြံ​ပေး​ဆွေး​နွေးခဲ့ကြပါသည်။

ဓမ္မဘက်မှရပ်တည်​လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ​ရှေ့ဆက်လုပ်​ဆောင်သင့်သည်များကို ပိုမိုအ​ကောင်အထည်​ဖေါ်ဆောင်ရွက်နိုင်ရန် FHPC နှင့် IFNMC တို့အကြား ရင်းနှီးပွင့်လင်းစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား၍ အစည်းအဝေးအား ရပ်နားခဲ့ကြပါသည်။