Federal Health Professional Council (FHPC) နှင့် Interim Federal Veterinary Council တို့ ပထမအကြိမ်​ တွေ့ဆုံ​ဆွေး​နွေးခြင်း (9 June 2023)

Federal Health Professional Council (FHPC) နှင့် Interim Federal Veterinary Council တို့ ပထမအကြိမ်​ တွေ့ဆုံ​ဆွေး​နွေးခြင်း

– အစည်းအ​ဝေးကို (၉-၆-၂၀၂၃) ရက်​နေ့ ၊ နေ့လည် (၂:၀၀) နာရီတွင် zoom platform ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် FHPC မှ ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ Interim Federal Vecustom dallas stars jersey best human hair wigs for black females custom kings jersey borsa prima classe jordan proto max 720 keyvone lee jersey air jordan 1 low flyease blundstone uomo inflatable kayak 8 ft kayak best human hair wigs for black females blundstone uomo oregon football jerseys custom kings jersey borsa prima classe terinary Council မှ ဥက္ကဌ ဒေါက်တာ Marry နှင့် အဖွဲ့ဝင်များ၊ စုစုပေါင်း (၁၂)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
– ပထမဦးစွာ အစည်းအ​ဝေးတွင် FHPC ဥက္ကဌ ပါမောက္ခဒေါက်တာခင်မောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ Federal SAMA, Good Standing Certificates and Approval letters များကို မြန်မာနိုင်ငံ ကိုယ်စားပြု ကျန်းမာရေးပညာရှင်များ ကောင်စီအနေဖြင့် ထုတ်ပေးနေမှုများ၊ FHPC Facebook Page, Website နှင့် E-mail များဖွင့်လှစ်၍ ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ Interim Federal Nursing and Midwifery Council (IFNMC) နှင့် လက်တွဲဆောင်ရွက်နေမှုများ အစရှိသည့် FHPC မှဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ အကြောင်းကို ဝေမျှပြောကြားခဲ့ပါသည်။
– ကြားကာလ Federal Council ၏ တတိယမြောက် Council အဖြစ် “ကြားကာလ ဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီ” (Interim Federal Veterinary Council) ပေါ်ပေါက်လာခြင်း အတွက် ဝမ်းမြောက်ကြိုဆို ဂုဏ်ယူပါကြောင်း၊ Council Strengthen ဖြစ်စေရန်အတွက် မိမိတို့အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
– ဆက်လက်၍ Interim Federal Veterinary Council မှ ဥက္ကဌ ဒေါက်တာ Marry မှ Council ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပေးခဲ့ပါသည်။
➢ တော်လှန်ရေးကာလဖြစ်သည့် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလများတွင် ထိခိုက်နစ်နာမှုရှိခဲ့သည့် တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တိရစ္ဆာန် ကျန်းမာရေး လုပ်သားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ တော်လှန်ရေးတွင် ပံ့ပိုးကူညီခဲ့၍ ထိခိုက်နစ်နာမှုရှိခဲ့သည့် တိရစ္ဆာန်ဆရာဝန်လောင်းများ (ကျောင်းသားများ ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်နှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် တိရစ္ဆာန် ဆေးပညာဆိုင်ရာ အတတ်ပညာတစ်ရပ်ကို အသုံးချလုပ်ကိုင်သူတို့အား ယင်းတို့နှင့် သက်ဆိုင်သော ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာစောင့်ထိန်းစေရန် စသည့် ရည်ရွယ်ချက်များဖြင့် Interim Federal Veterinary Council အား အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊
➢ Interim Federal Veterinary Council မှဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် (၈) ရပ်နှင့် စပ်လျဉ်း၍လည်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
– ထိုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ပါမောက္ခ ဒေါက်တာခင်မောင်လွင်မှ ဦးဆောင်ကာ FHPC နှင့် Interim Federal Veterinary Council တို့အကြား မည်သို့ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ကို ဝိုင်းဝန်းဆွေး​နွေး အကြံ​ပြုခဲ့ကြပြီး၊ ဒုတိယအကြိမ်အစည်းအဝေးကို ဇူလိုင်လ (၇) ရက်နေ့တွင် ထပ်မံကျင်းပပြုလုပ် သွားရန် ညှိနှိုင်း၍ အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့ကြပါသည်။