Good Standing Certificate


Good Standing Certificate လိုအပ်သူသည် ပထမဦးစွာ Interim Federal Nursing and Midwifery Council (IFNMC) က ထုတ်ပေးသော သူနာပြု/သားဖွားလိုင်စင်ကို လျှောက်ထားရမည်ဖြစ်ပါသည်။

***Good Standing Certificate ဆိုသည်မှာ ပြည်တွင်း (သို့) ပြည်ပတွင် သူနာပြု/သားဖွားအတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ (သို့) ပညာတော်သင်သွားနေသူများအနေဖြင့် မြန်မာနိုင်ငံ၊ ဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီ (IFNMC) ၏ ထောက်ခံစာလိုအပ်ပါက ထုတ်ပေးခြင်းဖြစ်ပါသည်။

***လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သည်များမှာ
၁) ဖက်ဒရယ်သူနာပြုနှင့်သားဖွားကောင်စီက ထုတ်ပေးသော သူနာပြု/သားဖွားလိုင်စင်
၂) လျှောက်ထားလိုသည့်အကြောင်းအရင်းအား ဖြည့်ရမည့် Request letter (ထို letter ကို IFNMC တွင်တောင်းယူပြီး ဖြည့်ရပါမည်)
၃) Good Standing Certificate ပို့ပေးရမည့် အဖွဲ့အစည်း၏ Email
၄) ငွေပေးသွင်းပြီးကြောင်း ထောက်ခံစာ

***Good Standing Certificate အတွက် ပေးသွင်းရမည့်နှုန်းထားများမှာ

***Good Standing Certificate ကို IFNMC မှ ဥက္ကဌ နှင့် Federal Health Professional Council မှ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင် တို့ ၂ ဦးမှ လက်မှတ်ထိုး အသိအမှတ်ပြုထောက်ခံပေးမှာဖြစ်ပါတယ်

     

      • ပြည်တွင်းဆေးရုံများတွင်လုပ်ကိုင်နေသူများ – ၃၀,၀၀၀ ကျပ်

      • NGO, ပြည်ပတွင်အလုပ်လုပ်ကိုင်နေသူများ – ၅၀,၀၀၀ ကျပ်

    ပေးသွင်းငွေများကို NUG pay ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

    ***လျှောက်ထားရန်ဖောင်လင့်

    https://forms.gle/1o8WMhqSiswu6yy99

    အသေးစိတ်သိရှိလိုပါက telegram account – @fnmcmyanmar သို့ ဆက်သွယ် စုံစမ်း နိုင်ပါသည်။