Interim Federal Nursing and Midwifery Council နှင့် Myanmar Nursing and Midwifery Society တို့ တွေ့ဆုံဆွေးနွေးခြင်း
၃၀.၃.၂၀၂၄ ရက်နေ့ နေ့လည် ၂ နာရီတွင် IFNMC နှင့် MNMS တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစီအစဥ်အရ IFNMC ဒုဥက္ကဌမှ အဖွင့်အမှာစကားပြောကြားပြီး IFNMC ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ နှင့် တာဝန်ယူဆောင်ရွက်ပေးနေသည့်လုပ်ငန်းစဥ်များ၊ ရေးဆွဲထားသည့် Code of Conduct နှင့် Standards for program accreditation တို့အား IFNMC RP များမှ တင်ပြခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသော ဆရာ၊ဆရာမများမှ မြေပြင်တွင်ကြုံတွေ့နေရသော သူနာပြုနှင့်သားဖွားများ၏ အခက်အခဲများ၊ Professional autonomy ဆိုင်ရာကိစ္စများ၊ သူနာပြုအကူသင်တန်းများ များပြားလာခြင်းအပေါ် ထိန်းချုပ်ရန်ကိစ္စများအား ဆွေးနွေးပြီးနောက် IFNMC ဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြား၍ ညနေ ၄ နာရီ မိနစ် ၂၀ တွင် အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။