PSLF/TNLA ကျန်းမာ​​ရေးဌာန နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ

၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်​နေ့ ​နေ့လည် ၂ နာရီတွင် PSLF/TNLA ကျန်းမာ​​ရေးဌာန နှင့် ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီတို့ ​တွေ့ဆုံ၍ ​ဆွေး​နွေးခဲ့ပါသည်။

အစည်းအ​ဝေးတွင် PSLF/TNLA မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (2) ဗိုလ်မှူးကြီး တားပန်လက ကြိုဆိုနှုတ်ဆက်စကား​ပြောကြား၍ တက်​ရောက်လာသူများနှင့် မိတ်ဆက်​ပေးပါသည်။

ထို့​နောက် IFNMC မှ ​ကောင်စီ၏​နောက်ခံသမိုင်း​ကြောင်း၊ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဥ်များအား တင်ပြပြီး​နောက် တအန်းပြည် Ta’ang Land အတွင်းရှိ သူနာပြုနှင့်သားဖွား​ရေးရာကိစ္စများနှင့် သူနာပြုတက္ကသိုလ်ဖွင့်လှစ်နိုင်​ရေးကိစ္စများအား အပြန်အလှန်​​ဆွေး​နွေး၍ ​ရှေ့ဆက်လုပ်​ဆောင်ရန်ရှိသည်များကို ညှိနှိုင်းခဲ့ကြပါသည်။

#PSLF/TNLA
#IFNMC