သတင်းထုတ်ပြန်ချက် (17.2.2022)

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၁၇) ရက်

၁။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ ( Federal Health Professional Council – FHPC ) သည် ယာယီတက္ကသိုလ် ကောင်စီများ ( Interim University Councils ) နှင့် 17.2.2022 တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ဒေါက်တာခင်မောင်လွင်နှင့် သက်ဆိုင်ရာ ယာယီတက္ကသိုလ် ကောင်စီအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့သည်။

၂။ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ယာယီတက္ကသိုလ် ကောင်စီများမှ ယာယီဘွဲ့လက်မှတ်များထုတ်ပေးနိုင်ရေး ၊ ထောက်ခံချက်များထုတ်ပေးနိုင်ရေး ၊ Good Standard Certificates များ ထုတ်ပေးနိုင်ရေး ၊ သက်ဆိုင်ရာ နိုင်ငံတကာ တက္ကသိုလ်များနှင့် ဆက်သွယ်နိုင်ရေး ၊ အသိအမှတ်ပြုမှုရရှိနိုင်ရေး နှင့် ကျောင်းသူကျောင်းသားများ မှလိုအပ်နေသော အကူအညီများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးများကိုဆွေးနွေးခဲ့သည်။

ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ

Website: https://fhpcmyanmar.org/

Facebook: https://facebook.com/fhpcmyanmar

Email: info@fhpcmyanmar.org

#fhpc #statement